နည်းပညာ​လေ့လာမူ့

Wednesday, January 18, 2017

app file တစ်​ခုတည်​​ဆောက်​ခြင်း

App file တစ်​ခုတည်​​ဆောက်​ခြင်း
App ဖိုင်​ တစ်​ခုတည်​​ဆောက်​ရန်​ AIDE.apkထဲသို့ဝင်​ပါ။ ပြထားတဲ့ ဟာ​လေးကို​ရွေး​ပေးပါ။
ပြသထားတဲ့အတိုင်းပဲ ဆက်​လုပ်​ပါ။
Name မှာ ကိုယ်​​ပေးမယ့်​ နာမည်​ထည့်​ပါ။ ဥပမာ My Blog ဆို MyBlog​ပေါ့ space ခံလို့မရပါ။ မြန်​မာလိုမရပါ။ package nameမှာက ​ရှေ့ဆုံးမှာ com. သို့မဟုတ်​ org.ခံရပါတယ်​။ ​နောက်​မှာ ကိုယ့်​စိတ်​ကြိုက် ​နာမည်​ကို နဲ့ ​app နာမည်​​ပေါ့။နံပါတ်​ ထည့်​လို့ရတယ်​။ ဥပမာ com.mmapptutorial.helloworld ​ပေါ့။ ပြီးရင်​ Create ကိုနှိပ်​ပါ။
Hello World!
အဲ့မှာမြင်​ရတဲ့ code ​တွေကို run လိုက်​ရင်​ အလည်​တည့်​တည့်​မှာ Hello World! ဆိုတဲ့ စာသားရပါမယ်​။
အခုမြင်​ရတဲ့ code​တွေရဲ့ file name က mail.xml ​နော်​။ အဲ့ကျ​တော့ ဒါ xml file ​ပေါ့။ ပုံစံ​တွေ​နော်​ main ဆို​တော့ မူရင်း ဝင်​ဝင်​ချင်းမှာ မြင်​ရတဲ့ ဒီဇိုင်း​နော်​။ Hello World ဆိုတဲ့ စာသား​လေး​ပေါ်ဖို့​တောင်​ ဒီ​လောက်​ code​တွေ runရရင်​ facebook လို​ဆော့ဝဲဆို ဘယ်​​လောက်​များမလဲ စဉ်းစားကြည့်​​ပေ​တော့။ Appelication ပဲသင်​သင်​ HTML ပဲသင်​သင်​ PHPပဲသင်​သင်​ အရင်​ဆုံး Hello World နဲ့စမ်းကြပါတယ်​။ Hello Worldလို့​ပေါ်တဲ့ app ပြုလုပ်​ချင်​ရင်​​တော့အ​ပေါ် ညာဖက်​က​ရေရင်​ ဒုတိယ​မြောက်​က play (or) run ကိုနှိပ်​ပါ။ အဲ့တာဆို ​ဆော့ဝဲတစ်​ခုရ ပြီ​ပေါ့။ ​ဆော့ဝဲမလုပ်​​သေးဘူး​ Hello World ​ပေါ်လားမ​ပေါ်လားပဲ စမ်းချင်​ရင်​ ညာဖက်​အစွန်​ဆုံးကိုနှိပ်​ကြည့်​​ပေါ့။
ပြီးရင်​ Install ​ပေါ့
အစမ်းအ​နေနဲ့ တစ်​ဆင့်​တက်​ပြီး "@string/hello_world" ​နေရာမှာ "Hi World! " လို့ထည့်​ကြည့်​ပါဦး။
ပြီးရင်​ ကိုယ့်​နာမည်​​လေးထည့်​ပြီး runကြည့်​​ပေါ့။ " ​တွေ " ​တွေ ကျန်​မယ်​​နော်​။
တွေ့တယ်​​နော်​။ ပြီးရင်​ ကိုယ့်​ နာမည်​​တွေ ထည့်​ပြီး စမ်းကြည့်​​ပေါ့။ ဒီ​နေ့​တော့ နည်းနည်းပင်​ပန်းလာလို့ ဒီ​လောက်​ပဲတင်​နိုင်​​တော့မယ်​။ 
https://mmapptutorial.blogspot.com မှပြန်​လည်​မျှ​ဝေတာပါ

No comments:

Post a Comment