နည်းပညာ​လေ့လာမူ့

Wednesday, January 18, 2017

Text Style ဖန်​တီးခြင်း

Text Style

ပုံမှာပြထားတဲ့အတိုင်း
<TextView ရဲ့​နောက်​က​နေ​နောက်​တစ်​​ကြောင်း ဆင်းလိုက်​ပါ။ အဲ့မှာandroid:textSize="30sp" လို့ရိုက်​ထည့်​ပြီး မRun​သေးပဲ စမ်း ကြည့်​ပါ။ မrunနဲ့ဦးေ​နာ်။ Run လည်းရတယ်​။ စာလုံးအကြီးအ​သေး သတိထား​နော်​။

စာလုံးအရွယ်​အစား နည်းနည်းကြီးသွားပါမယ်​။နောက်​တစ်​ခါ 30​နေရာမှာ 60 အစားထိုးပြီး run ကြည့်​ပါ။ ဒီ​လောက်​ဆိုandroid:textSize ရဲ့ လုပ်​​ဆောင်​ချက်​ သိ​လောက်​ပါပြီ။


အဲ့မှာပandroid:textSize ရဲ​နောက်​က​နေတစ်​​ကြောင်းဆင်းလိုက်​ပါ။
ဆင်းပြီး​တော့
android:textColor="#0005FE"
လို့ထည့်​ကြည့်​ပါ။ ပြီးရင်​ စမ်းကြည့်​ပါ။ #0005FE ဆိုတာ အ​ရောင်​​တွေရဲ့ code ပါ။ Color code ​တွေကို select လုပ်​ပြီး ပုံမှာပြထားတဲ့ အ​ပေါ်က ဂွ​လေးကိုနှိပ်​ပြီး စိတ်​ကြိုက်​အ​ရောင်​​ရွေးလို့ရပါတယ်​။

ပေးထားတဲ့ code ​နေရာမှာ "#F70E00" ကိုအစားထိုးပြီး စမ်းကြည့်​ပါ။ ဒီ​လောက်​ဆို ​android:textColor ရဲ့ အလုပ်​လုပ်​ပုံကို သိ​လောက်​ပါပြီ။

အဲ့မှာပဲ android:textColor ရဲ့​နောက်​က​နေ တစ်​​ကြောင်းဆင်းလိုက်ပါ။ ပြီးရင်
android:background="#08EA08"
လို့ ထည့်​ပါ။ ပြီးရင်​စမ်းကြည့်​ပါ။

ဒါ​နောက်​ခံအ​ရောင်​ထည့်​တာပါ။ စာ​နောက်​ကပဲ​နော်​ တစ်​ခုလုံးကိုထည့်​ချင်​ရင်​ LinearLayout မှာထည့်​ရမှာပါ။

ပုံမှာပြထားတဲ့အတိုင်းပဲ​နော်​ အ​ပေါ်က code အတိုင်းပဲ ကာလာပဲ​ပြောင်းသွားတာ။

No comments:

Post a Comment